အိပ်ပျော်စားဝင် အစာကြေလွယ်တဲ့ ပူဒီနာရွက်
25-Feb-2017
စိတ် ဖိစီးမှုများလို့ ဒါမှမဟုတ် အသက်အရွယ် ရလာလို့ အိပ်မပျော်တော့ဘူးဆိုရင် ညစာမှာ ပူဒီနာရွက်လေးတွေ ပါအောင် စားပေးပါလေ။ အစာအိမ်နှင့် အူလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး အစာကြေညက်အောင် ကူညီပေးကာ ခံတွင်း ရနံ့သင်း စေပါတယ်။
လေ့လာချက် များစွာ အရ ပူဒီနာရွက်များအား လက်ဖက်ရည်ထဲ ထည့်သောက်ခြင်း၊ မုန့်ဟင်းခါးထဲ ထည့်စားခြင်း၊ အသုပ်ထဲ ထည့်သုပ်ခြင်းနှင့် ငါးပိရည်ချက်လေးဖြင့် တို့စားခြင်းဖြင့် အမျိုးမျိုး လုပ်စားပါက အကိုက်အခဲ အညောင်းအညာ သက်သာစေပြီး၊ အစာကြေ လွယ်ကာ အိပ်ပျော်၊ လေလည်စေသည့် အပြင် ဝမ်းချုပ်ခြင်းမှ ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါတယ်။ ထို့အပြင် ၎င်းပူဒီနာ အရွက်မှ ရသည့် အဆီဓာတ် က အရောင်အရမ်း လျော့ကျစေကာ အနာကျက်စေပါတယ်။ ဗီတာမင်စီ၊ ကော့ပါးနှင့် မဂ္ဂနီးစ် စသည့် အင်တီ အောက်စီဒင့်များ ကြွယ်ဝစွာ ပါဝင်ပြန်ပါသတဲ့။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မေ
Health Digest Journal
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

